Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်ပမှ ပေးပို့လာသော ကြိုတင်မဲများကို ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွကော်မရှင်အဖွဲ့ခွဲရုံးတွင် ဖွင့်ဖောက်ခဲ့သည်။ ထိုသို့ဖွင့်ဖောက်ရာသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင် အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ)ဦးမြင့်သိန်းနှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပါတီကိုယ်စားပြုကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(စစ်ကိုင်းတို င်းဒေသကြီး တာဝန်ခံ) ဦးမြင့်သိန်းက “မကြာမီ ကျင်းပတော့မယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အတွက် ပြည်ပကိုရောက်ရှိနေတဲ့ မဲပေးပိုင်ခွင့်ရှိသူ မြန် မာနိုင်ငံသားများအနေနဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့အတွက် ကြိုတင်မဲတွေကို သံရုံးတွေကတဆင့် ပေးပို့ခဲ့ပါတယ်။ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ဆန္ဒပြုထားတဲ့ ကြိုတင်မဲတွေကို မြန်မာနိုင်ငံ ပြန်လည်ပေးပို့လာပါတယ်။ ပေးပို့လာတဲ့ ကြို တင်မဲတွေကို စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များရှေ့မှာ ဖွင့်ဖောက် […] The post မုံရွာမြို့တွင် ပြည်ပမှပြန်လည်ပေးပို့လာသည့် ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက် appeared first on Popular .