မင်းအောင်လှိုင်က ဆရာဖြစ်ခဲ့သော သူရဦးအောင်ကို၊ ခရိုနီ ၃ ဦး၊ အဂတိမှုနှင့်ကျားဖြန့်ကိစ္စ ပတ်သက်သော ဗိုလ်ချုပ် ၃ ဦးတို့၏ ဂုဏ်ထူးဆောင်ဘွဲ့များကို ပြန်ရုပ်သိမ်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆရာဖြစ်ခဲ့ဖူးသော သူရဦးအောင်ကို၊ ခရိုနီ ၃ ဦး၊ အဂတိမှုနှင့်ကျားဖြန့်ကိစ္စပတ်သက်နေသော ဗိုလ်ချုပ် ၃ ဦးတို့၏ ဂုဏ်ထူးဆောင်ဘွဲ့များကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း စစ်တပ်က ထုတ်ပြန်သော ပြန်တမ်းအရ သိရှိရသည်။ မင်းအောင်လှိုင်က နိုဝင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်ခဲ့သော ပြန်တမ်းတွင် သူ၏ ဆရာဖြစ်ခဲ့သော သူရဦးအောင်ကို၏ ၁၉၇၅ ခုနှစ်တွင် ရရှိခဲ့သော သူရဘွဲ့နှင့် ၂၀၁၂ ခုနှစ်တွင် ရရှိခဲ့သော ၀ဏ္ဏကျော်ထင်ဘွဲ့တို့ကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ကြေညာထားသည်။ ဗိုလ်သင်တန်းအပတ်စဉ် ၁၁ ကျောင်းဆင်း သူရဦးအောင်ကိုမှာ ဗိုလ်သင်တန်းအပတ်စဉ် ၁၉ ကျောင်းဆင်း မင်းအောင်လှိုင်၏ စီနီယာဖြစ်ပြီး အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တွင် မင်းအောင်လှိုင်နှင့် သူရဦးအောင်ကိုတို့မှာ […] The post မင်းအောင်လှိုင်က ဆရာဖြစ်ခဲ့သော သူရဦးအောင်ကို၊ ခရိုနီ ၃ ဦး၊ အဂတိမှုနှင့်ကျားဖြန့်ကိစ္စ ပတ်သက်သော ဗိုလ်ချုပ် ၃ ဦးတို့၏ ဂုဏ်ထူးဆောင်ဘွဲ့များကို ပြန်ရုပ်သိမ်း appeared first on Khit Thit Media .