အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများ မဲမပေးဘဲဆန့်ကျင်ရေး အရုပ်သည်ကြီး” အမည်ရှိ တော်လှန်ရေးဇာတ်လမ်းတို တော်လှန် YouTube channel များမှ တစ်ပြိုင်ထဲ ထုတ်လွှင့်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ တော်လှန်အနုပညာရှင်များ၊ တော်လှန်ပြည်သူများ ပူးပေါင်းပါဝင်သည့်”အရုပ်သည်ကြီး” အမည်ရှိ တော်လှန်ရေးဇာတ်လမ်းတိုကို ရိုက်ကူးထားပြီး ယင်းဇာတ်လမ်းတိုကို တော်လှန် YouTube channel များမှတစ်ဆင့် အတုအယောင်ရွေးကောက်ပွဲမကျင်းပမီ ယခုရက်ပိုင်းအတွင်း တစ်ပြိုင်ထဲ ထုတ်လွှင့်မည်ဖြစ်ကြောင်း ယင်းဇာတ်လမ်းကို ရိုက်ကူးသည့် ဒါရိုက်တာ ဧဒင်ကျော်(အောင်ဗလပါဝါ)က ပြောကြားသည်။ အဆိုပါ “အရုပ်သည်ကြီး” ဇာတ်လမ်းတိုသည် ယနေ့တိုင်းပြည်၏အာဏာအား မတရား အဓမ္မသိမ်းယူထားသော အကြမ်းဖက်စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲနှင့် ၎င်းတို့၏ ခေတ်အဆက်ဆက် ပြည်သူ့အပေါ် မတရားဖိနှိပ် လိမ်လည်ပြောဆို ရက်စက်ယုတ်မာထားခြင်းများအား အများပြည်သူတို့ မမေ့လျော့စေရန်၊ လူလိမ်လူညာအဓမ္မဝါဒီ ဖက်ဆစ်စစ်တပ်၏ လုပ်ရပ်မှန်သမျှအား ခေါင်းငုံ့မခံဘဲ ဆက်လက်‌တော်လှန်ကြရန်နှင့် အမှန်တရားကိုသိရက်နှင့် ရှောင်လွှဲမသွားဘဲ မတရားမှုမှန်သမျှကို မကြောက်မရွံ့ တွန်းလှန်တော်လှန်သွားရန် မိမိတို့နေ့စဉ်ကြုံတွေ့နေရသော ဒုက္ခအမျိုးမျိုးမှ လွတ်မြောက်ရန်အတွက် စကမအတွက် ထွက်ပေါက်ဖြစ်စေမည့် အလိမ်အညာအတုအယောင်ရွေးကောက်ပွဲအား […] The post အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများ မဲမပေးဘဲဆန့်ကျင်ရေး အရုပ်သည်ကြီး” အမည်ရှိ တော်လှန်ရေးဇာတ်လမ်းတို တော်လှန် YouTube channel များမှ တစ်ပြိုင်ထဲ ထုတ်လွှင့်မည် appeared first on Khit Thit Media .