ရွှေကုက္ကိုလ်ထူထောင်ခဲ့သော ရထိုက်ကုမ္ပဏီပိုင်ရှင် SHE Zhijiang ၏ တပည့်များနှင့်ရုံးအဖွဲ့ အားလုံးကို BGF စောချစ်သူက ကိုယ်ရံတော်တပ်များနှင့် လုံခြုံရေးအပြည့်ချ စောင့် ရှောက်ပေးထား

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ရွှေကု က္ကိုလ်ထူထောင်ခဲ့သော ရထိုက်ကုမ္ပ ဏီပိုင်ရှင် SHE Zhijiang ၏ တပည့်များနှင့်ရုံးအဖွဲ့ အားလုံးကို စစ်တပ်လက် အောက်ခံ BGF ဗိုလ်မှူးကြီး စောချစ်သူက ကိုယ်ရံတော်တပ်များနှင့် လုံခြုံ ရေးအပြည့်ချ စောင့်ရှောက်ပေးထားကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ အဓိက အရေး ကြီးသော ရထိုက်ကုမ္ပဏီပိုင်ရှင် SHE Zhijiang ၏ တပည့်များနှင့်ရုံးအဖွဲ့ များအားလုံးကို ဗိုလ်မှူးကြီး စောချစ်သူ၏ အမိန့်ဖြင့် ဘေးကင်းလွတ်ရာ နေရာများတွင် စတင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ရထိုက်ကုမ္ပဏီတစ်ဖွဲ့လုံးအတွက် BGF တပ်က အထူးလုံခြုံရေး ကိုယ်ရံတော်တပ်များ ထားရှိပေးထားကြောင်း သိရှိရသည်။ “ရထိုက်ပိုင်ရှင်ရဲ့ တပည့်တွေအကုန်လုံး၊ မိသားစုဝင်တွေရော […] The post ရွှေကုက္ကိုလ်ထူထောင်ခဲ့သော ရထိုက်ကုမ္ပဏီပိုင်ရှင် SHE Zhijiang ၏ တပည့်များနှင့်ရုံးအဖွဲ့ အားလုံးကို BGF စောချစ်သူက ကိုယ်ရံတော်တပ်များနှင့် လုံခြုံရေးအပြည့်ချ စောင့် ရှောက်ပေးထား appeared first on Khit Thit Media .