Credit to Popular Journal - မြန်မာနိုင်ငံ၏ အနာဂတ်တွင်ပေါ်ပေါက်လာမည့် လွှတ် တော်နှင့် ဘယ်လာရုစ်လွှတ်တော်တို့ကြား ပူးပေါင်း ဆောင်ရွက်ရန်ဆွေးနွေး မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ(MISIS)ဥက္ကဋ္ဌနှင့် အဖွဲဝင်များသည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာအလက်ဇီဘာရှန် ဦးဆောင်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲအား ရန်ကုန်မြိုရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ က တွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံမှု ၌ ရွေးကောက်ပွဲဆိုင်ရာအချက်အလက်နှင့် လုပ်ငန်းစဉ်များ၊ အနာဂတ်တွင် ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် ဘယ်လာရုစ်လွှတ်တော်တိုအကြား ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဘယ်လာရုစ်ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ၏ လာရောက်တွေ့ဆုံမှုသည် MISIS နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံမှ သက်ဆိုင်ရာအဖွဲအစည်းများအကြား အပြန်အလှန်နားလည်မှုကို ပိုမိုခိုင်မာ စေပြီး အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုတစ်ရပ် ဖြစ်ကြောင်း သိရသည်။ ထိုနောက် […] The post ဘယ်လာရုစ် နိုင်ငံ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ(MISIS) ဥက္ကဌ တို့ တွေ့ဆုံ appeared first on Popular .