ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ ယမန်နေ့ ခရစ္စမတ်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာများက မင်းတပ်မြို့ပေါ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော် လည်း နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ကြောင်း သိရှိရသည်။ “အရပ်သား ပြည်သူတွေတော့ ထိခိုက်တာ မရှိပါဘူး။ လူနေအိမ် ၁၀ လုံးကျော် ထိခိုက် […] The post ခရစ္စမတ်နေ့ စစ်တပ်က မင်းတပ်မြို့နှင့်သံတွဲမြို့ကို လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အများအပြား ပျက်စီး appeared first on Khit Thit Media .