Credit to Popular Journal - မွန်ပြည်နယ်အတွက် ပြည်ပရောက် မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်မဲကို ဒီဇင်ဘာလ (၂၅) ရက်၊ မွန်းလွဲ (၁) နာရီအချိန်က မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရွှေမြိုင်ခန်းမတွင် ရေတွက်ခဲ့ကြသည်။ မွန်ပြည်နယ်အတွင်းမှ နိုင်ငံပေါင်း (၂၂) နိုင်ငံသို့ ရောက်ရှိနေသူ မဲဆန္ဒရှင်ပြည်သူ (၁၀၄)ဦးအနက် (၈၄)ဦး ကြိုတင်မဲများပေးခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ပြည်ပရောက်ကြိုတင်မဲများကို ပြည်နယ်ရွေးကော က်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်လောင်းများရှေ့တွင် ဖွင့်ဖောက်ရေတွက်ခဲ့ကြခြင်းဖြစ် သည်။ ယနေ့ ဒီဇင်ဘာလ (၂၆) ရက်၌ မြို့နယ်အလိုက် ကြိုတင်မဲများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ရေတွက်သွားမည်ဖြစ်ကြောင်း သိရသည်။ The post မွန်ပြည်နယ်အတွက် ပြည်ပရောက် မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်မဲ ရေတွက် appeared first on Popular .