စလင်းမြို့နယ်၊ သာစည်ရွာနှင့် နွယ်တမယ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းများအပါအဝင် နေအိမ်များ မီးလောင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ မကွေးတိုင်း၊စလင်းမြို့နယ်၊ သာစည်ရွာနှင့် နွယ်တမယ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်း အကြမ်းဖက်စစ်တပ်က သာစည်ရွာထဲ ဝင်ရောက် စခန်းချပြီး လက်နက်ကြီးများဖြင့် ကျေးရွာပတ်ပတ်လည်ကို ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် သာစည်ရွာအတွင်း မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ၊ နွယ်တမယ်ကျေးရွာမှာမူ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်ပင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့၍ နေအိမ်များ မီးလောင်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ “နွယ်တမယ်က လေယာဉ်နဲ့ ဗုံးကျဲချလို့ မီးလောင်တာ ။ နွယ်တမယ်က ချောင်းပဲ ခြားတာ ဆင်ဖြူကျွန်းမြို့နဲ့ ကပ်ရက်။ သာစည်ရွာက စစ်သားတွေ […] The post စလင်းမြို့နယ်၊ သာစည်ရွာနှင့် နွယ်တမယ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းများအပါအဝင် နေအိမ်များ မီးလောင် appeared first on Khit Thit Media .