ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ချင်းပြည်နယ်၏မြို့တော်ဖြစ်သော ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်ဖြစ်သော CDF ဟားခါးက ဝင်ရောက်တိုက်ခိုက်သဖြင့် ယနေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှစတင်ပြီး ဟားခါးမြို့အနီးရှိ စစ်တပ်၏ အခြေစိုက်စခန်း ၅ ခုထက်မနည်းကို ချင်းတော်လှန်ရေးတပ်ဖြစ်သော CDF-ဟားခါးက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လတ်တလော စစ်တပ်စခန်းများတွင် မီးများလောင်ကျွမ်းနေကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက CDF-ဟားခါးထံသို့ ဆက်သွယ်မေးမြန်းရာ လက်ရှိအချိန်တွင် မည်သည့်သတင်းကိုမှ မဖြေကြားနိုင်သေးဘဲ ဖုန်းထပ်မံ မဆက်သွယ်ရန် ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။ ချင်းတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကမူ “ဟားခါးကို ဝင်တိုက်တာတော့ ဟုတ်တယ်။ လောလောဆယ် သိရသလောက်တော့ […] The post Breaking News – ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်က ဝင်ရောက်တိုက် ခိုက်သဖြင့် တိုက်ပွဲများ ပြင်းထန်နေ appeared first on Khit Thit Media .