ရွေးကောက်ပွဲမတိုင်မီ ချင်းပြည်နယ်မြို့တော် အခြေစိုက်စစ်စခန်း ထိုးစစ်ဆင်ခံရ

ဟားခါးမြို့အရှေ့တောင်ဘက်ရှိ ခလရ ၂၆၆ ကို ယနေ့ နံနက် ၆ နာရီမှစတင်ကာ ချင်းတော်လှန်ရေးတပ်များက ထိုးစစ်ဆင်နေသဖြင့် လေတပ် ပစ်ကူရယူပြီး အခြေစိုက်စစ်တပ်က ခုခံနေရသည်။