Credit to Popular Journal - ရွေးကောက်ပွဲအပိုင်း (၁) တွင်ပါဝင်သည့် ပါတီကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်များကို ယနေ့တွင် လိုက်လံဖြုတ်ချလျက်ရှိသည်။ နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာ ၂၈ က ခွင့်ပြုခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီ အထိ မဲဆွယ်စည်းရုံးခွင့်ပေးထားခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၇ ရက် သည် Silent Day ဖြစ်ကြောင်း အသိပေးထားသည်။ ထို့ကြောင့် ယနေ့တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ပါတီဆိုင်းဘုတ်များကို လိုက်လံဖြုတ်သိမ်းရမည်ဖြစ်သည်။ ယနေ့သည် ရွေးကောက်ပွဲပထမပိုင်း မဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့ဖြစ်သည်။ The post ရွေးကောက်ပွဲပထမပိုင်း မဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့တွင် ပါတီဆိုင်းဘုတ်များ လိုက်လံဖြုတ်ချနေ appeared first on Popular .