Credit to Popular Journal - ကျိုက်ထီးရိုးဘုရားဖူးဧည့်သည်များ အစာအဆိပ်သင့်မှုကင်းဝေးစေရေး ကျန်းမာရေးစောင့်ရှောင့်မှုများပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသိပေးထားသ ည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောင့်မှုများပေးရာ၌ ကျန်းမာရေးဌာန၊ ဘုရားဂေါပကအဖွဲ့နဲ့ သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများက တောင်ပေါ်ရှိ စားသောက်ဆိုင်တန်းများကို ပုံမှန်ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း ဆိုသည်။ အစားအစာရောင်းချနေသည့် ဆိုင်ရှင်များကို စီးပွားရေးသက်သက်ထက် ကျန်းမာရေးအသိပညာဝေမျှပေးခြင်း၊ ထမင်းဟင်းချက်ရာတွင် အသုံးပြုသည့် ဆီနှင့် ပါဝင်ပစ္စည်းများ သန့်ရှင်းမှု ရှိ၊ မရှိ၊ အလွယ်တကူ ပုပ်သိုးနိုင်သော အစားအစာများကို စနစ်တကျ သိမ်းဆည်းခြင်း ရှိ၊ မရှိ၊ ယင်ကောင်မနားစေရန် ဖုံးအုပ်ထားခြင်းနှင့် ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေခြင်း စသည့်အချက်များကို သတိပေးနှိုးဆော်ကာ စစ်ဆေးပေးနေကြောင်း ဆိုသည်။ ဘုရားဖူး ဧည့်သည်တော်များအနေဖြင့် မိမိတို့စားသုံးမည့်အစားအစာများ သန့်ရှင်းလတ်ဆတ်ကြောင်း သေချာမှ စားသုံးကြရန်နှင့် အစားအသောက်နဲ့ ပတ်သက်ပြီး တစုံတရာ အခက်အခဲရှိပါက ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများကို ယုံကြည်စိတ်ချစွာ အကူအညီတောင်းခံနိုင်ကြောင်းလည်း […] The post ကျိုက်ထီးရိုးဘုရားဖူးဧည့်သည်များ အစာအဆိပ်သင့်မှု ကင်းဝေးစေရေး ကျန်းမာရေးစောင့်ရှောင့်မှုများပေးနေ appeared first on Popular .