ဗန်းမောက်မြို့မဈေးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဈေးဆိုင်များ မီးလောင်ပျက်စီး၊ လောင်းလုံးတွင်လည်း စစ်ရေးအခြေအနေ တင်းမာနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မဈေးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခြင်းကြောင့် ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့ကြောင်း ကသာခရိုင် အမှတ် ၄ တပ်ရင်း၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်အစောပိုင်း ၅ နာရီ ၃၀ မိနစ်ခန့်အချိန် ဗန်းမောက်မြို့ မြို့မဈေးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဈေးဆိုင်များ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။ “ဒီနေ့ နံနက်အစောပိုင်း ဗုံးလာကျဲတာ စျေးမှာ မီးခိုးတွေ အူထွက်နေတာတော့ တွေ့ရတယ်။ ထိခိုက်ပျက်စီးမှုအသေးစိတ်တော့မသိရသေးဘူး” ဟု ဗန်းမောက်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ […] The post ဗန်းမောက်မြို့မဈေးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဈေးဆိုင်များ မီးလောင်ပျက်စီး၊ လောင်းလုံးတွင်လည်း စစ်ရေးအခြေအနေ တင်းမာနေ appeared first on Khit Thit Media .