ရန်ကုန်၊ ဒီဇင်ဘာ ၂၆ မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲလာပေးရေး ပြည်သူများကို ဖိအား ပေးနေသော ရာအိမ်မှူး ယုကြိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အမရပူရမြို့နယ် ပ.လ.ဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၄နာရီ ၃၀မိနစ်ခန့်အချိန် အမရပူရမြို့နယ်၊ ဥယျာဉ်တော်အုပ်စု၊ သာယာအေးကျေးရွာနေ ရာအိမ်မှူး ယုကြိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက ရွာလယ်လမ်းကြီးပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ သေဆုံးသူ ရာအိမ်မှူး ယုကြိုင်မှာ စစ်တပ်က ပြုလုပ်သော ရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးရေး အမျိုးမျိုးဖိအားပေးနေသည့်အပြင် လူငယ်များကိုလည်း စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသူဖြစ်ကြောင်း သိရှိရသည်။ “ယုကြိုင်ကို သာယာအေးကျေးရွာ ရွာလယ်လမ်းကြီးပေါ်မှာ ရှင်းလင်းခဲ့တာပါ။ ရာအိမ်မှူး ယုကြိုင်ကို […] The post အမရပူရမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲလာပေးရေး ပြည်သူများကို ဖိအားပေးနေသော ရာအိမ်မှူး ယုကြိုင် ပစ်ခတ်ခံရပြီး သေဆုံး appeared first on Khit Thit Media .