စစ်တပ်ရွေးကောက်ပွဲဝင်မည့် အမတ်ဟောင်း ၃ ဦး အပါအဝင် ပါတီဝင် ၂၀ ကို ထုတ်ပယ်ကြောင်း NLD ကြေညာ

သန်းစိုး(ဘောဂဗေဒ)ဟုလည်း လူသိများသော အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးသန်းစိုး၊ ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်းများဖြစ်ကြသည့် ဦးသောင်းထွဋ် နှင့် ဒေါက်တာဖြူဖြူခိုင်တို့ကို စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်မှုဖြင့် ပါတီမှထုတ်ပယ်ကြောင်း NLD ကကြေညာလိုက်သည်။