Credit to Popular Journal - လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ဖွင့်လှစ်မည့် မဲရုံများ၊ မဲစာရင်းကပ်ထားမှုများအား မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်ကြီးကျက်သရေ (အရှေ့) ရပ်ကွက်ရှိ အ.ထ.က (၁) တွင်ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၁) ၌ မဲရုံကြိုတင်ပြင် ဆင်ထားမှု၊ မဲရုံမှူးများနှင့် ဒု-မဲရုံမှူးများအား မဲပေးစက်များနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြသနေမှု၊ သီရိမာ လာ (အနောက်) ရပ်ကွက်ရှိ အ.ထ.က (၂၁) တွင်ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၃) ၌ မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် သီရိမာလာ (အနောက်) ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှုအား ပြည်သူများလာရောက်ကြည့်ရှုနေမှု၊ အ.ထ.က (၁၀) တွင်ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၂) […] The post ချမ်းမြသာစည်မြို့နယ်ရှိ မဲရုံများကို မန္တလေးတိုင်းဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး appeared first on Popular .