ကြာအင်းတောင်ပေါ်မှ အမျိုးသား(၁)ဦးပြုတ်ကျပြီး ပြင်းထန်ဒဏ်ရာရ

Credit to Popular Journal - ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကြာအင်းတောင်ပေါ်မှ ယနေ့ ဒီဇင်ဘာ ၂၆ ရက်ညနေ ၄ နာရီခန့်က အမျိုးသား (၁)ဦးပြုတ်ကျခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)ထံမှ သိရသည်။ ဘားအံမြို့ရှိ ကြားအင်းတောင်၏ တောင်ပေါ် (၇)ဆူမှ ပေ(၂၅၀)ခန့်နက်သည့်ချောက်ထဲသို့ အမျိုးသား(၁)ဦးပြုတ်ကျခဲ့သဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် လူ နာတင်ယာဥ်အဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိတ်ဖက်လူမှုကူညီရေးအသင်းများနှင့်အတူ ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ပြုတ်ကျနေသည့် အမျိုးသားအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာ(စိုး ရိမ်ရ)ရရှိထားသဖြင့် သက်ဆိုင်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်) The post ကြာအင်းတောင်ပေါ်မှ အမျိုးသား(၁)ဦးပြုတ်ကျပြီး ပြင်းထန်ဒဏ်ရာရ appeared first on Popular .