ဗန်းမောက်မြို့မဈေး စစ်တပ်ဗုံးကြဲမှုကြောင့် မီးလောင်

မြို့သိမ်းတိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ဗန်းမောက်မြို့ကို စစ်တပ်က ယနေ့နံနက်တွင် ဗုံးနှစ်ကြိမ်ကြဲချခဲ့ရာ ဗန်းမောက်မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအပြင် အဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။