ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၆) ခုမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များရောက်ရှိလာ

Credit to Popular Journal - မြန်မာနိုင်ငံ၌ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပေါင်း (၆) နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နံနက်ပိုင်းမှစတင်ကာ အသီးသီးရောက်ရှိလာခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ (၆) နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(အဖွဲ့ဝင်) ရန်ကုန်တိုင်းတာဝန်ခံ၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများကကြိုဆိုခဲ့ကြကြောင်း သိရသည်။ The post ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၆) ခုမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များရောက်ရှိလာ appeared first on Popular .