Credit to Popular Journal - လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၁)အတွက် နေပြည်တော်ရှိ မြို့နယ် (၈)မြို့နယ်၌ မဲရုံပေါင်း(၆၂၆)ရုံဖွင့်လှစ်သွားမည်ဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသန်းစိုးမှ ကြည့်ရှုစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ UEC ဥက္ကဋ္ဌဦးသန်းစိုးမှ ဒီဇင်ဘာ ၂၅ ရက်နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့၌မဲရုံများဖွင့်လှစ်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး မဲရုံများတွင် မဲဆန္ဒရှင်များအဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုမဲပေးရာတွင် အရေးပေါ်အခြေအနေများပေါ်ပေါက်လာပါက နည်းဥပဒေများ၊ လုပ်ငန်းလမ်း ညွှန်များနှင့်အညီ စနစ်တကျဆောင်ရွက်ရန်တို့ကိုမှာ ကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် မဲရုံတွင်လိုအပ်ချက်များမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။ နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်၌ မဲရုံပေါင်း(၆၂၆)ရုံဖွင့်လှစ်သွားမည်ဖြစ်ကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ(၉ ဒသမ ၁)သိန်းခန့်ရှိသည်ဟု UEC ထံမှ သိရသည်။ The post နေပြည်တော်ရှိ မြို့နယ်(၈)ခု၌ မဲရုံ(၆၂၆)ရုံဖွင့်လှစ်မည် appeared first on Popular .