ရခိုင်ပြည်နယ်တွင် မြို့နယ်သုံးမြို့နယ်၌ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး မဲရုံးပေါင်း(၁၆၄)ရုံ ရှိ

Credit to Popular Journal - ဒီဇင်ဘာ (၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ စစ်တွေ၊ကျောက်ဖြူနှင့် မာန်‌အောင်မြို့နယ်တို့တွင် ကျင်းပမည်ဖြစ်-ကြောင်း သိရသည်။ မဲဆန္ဒရှင် (၁၉၅၈၈၈)ဦးက မဲရုံပေါင်း (၁၆၄)ရုံတွင် မဲပေးမည်ဖြစ်ပြီး မဲပေးလိုသူများ လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဆောင်ရွက်နေကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ လာမည့်ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့ ၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်၊ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်နေ့ ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ The post ရခိုင်ပြည်နယ်တွင် မြို့နယ်သုံးမြို့နယ်၌ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး မဲရုံးပေါင်း(၁၆၄)ရုံ ရှိ appeared first on Popular .