Credit to Popular Journal - ဒီဇင်ဘာ ၂၇ လေကြောင်းခရီးစဉ်များကို စောင့်ကြည့်သည့် ဖလိုက်အဝဲဝက်ဘ်ဆိုက်၏ အဆိုအရ အားလပ်ရက်ခရီးသွားလာမှု အများဆုံးအချိန်တွင် ဆောင်းရာသီမုန်တိုင်း ဒေဗင်ကြောင့် ယခု ရက်သတ္တပတ် သောကြာနေ့တွင် အမေရိကန်ပြည်ထောင်စုရှိ လေကြောင်းလိုင်းများသည် လေကြောင်းခရီးစဉ်ပေါင်း ထောင်ချီ၍ ဖျ-က်သိမ်းခြင်း သို့မဟုတ် ကြန့်ကြာခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့မွန်းလွဲပိုင်းအထိ စုစုပေါင်း လေကြောင်းခရီးစဉ် ၁,၃၈၂ ခု ဖျက်သိမ်းခဲ့ရပြီး ၄,၆၈၅ ခု ကြန့်ကြာခဲ့ကြောင်း အဆိုပါဝက်ဘ်ဆိုက်က ဖော်ပြထားပါသည်။ နိုင်ငံတော် မိုးလေဝသဌာနက ဂရိတ်လိခ်စ်အထက်ပိုင်းဒေသတစ်ခွင်တွင် တစ်နေ့လုံး နှင်းကျနိုင်ကြောင်း ခန့်မှန်းထားပြီး မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ဖော်ပြထားပါသည်။ “အားလပ်ရက်အပြီး ပြန်လာကြမယ့် ခရီးသွားတွေအတွက် လမ်းခရီးအခြေအနေဟာ အလွန်အန္တရာယ်များနိုင်ပါတယ်” ဟု မိုးလေဝသဌာနက သတိပေးထားပါသည်။ ထို့အပြင် ကလီဖိုးနီးယားတောင်ပိုင်းတွင် ရုတ်တရက်ရေကြီးနိုင်သည့် အန္တရာယ်အနည်းငယ်ရှိနေသကဲ့သို့ […] The post မုန်တိုင်းကြောင့် ယူအက်စ်လေကြောင်းခရီးစဉ် ၁,၀၀၀ ကျော်ဖျ-က်သိမ်း appeared first on Popular .