Credit to Popular Journal - ဒီဇင်ဘာ ၂၇ ပြီးခဲ့သည့် ရက်သတ္တပတ်က အမေရိကန်အစိုးရက ထိုင်ဝမ်သို့ လက်နက်အများအပြားရောင်းချသည့် အစီအစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရသည် အမေရိကန် ကာကွယ်ရေးကုမ္ပဏီ ၂၀ နှင့် အဆိုပါလုပ်ငန်းနယ်ပယ်မှ အဆင့်မြင့်အမှုဆောင်အရာရှိ ၁၀ ဦးတို့ကို သောကြာနေ့တွင် အရေးယူပိတ်ဆို့မှုများကို ချမှတ်လိုက်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါကုမ္ပဏီများနှင့် အမှုဆောင်အရာရှိများသည် ထိုင်ဝမ်ကျွန်းသို့ လက်နက်တပ်ဆင်ပေးရာတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် အရေးယူပိတ်ဆို့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး “နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ခိုင်မာစွာကာကွယ်ရန်အတွက် ပြတ်သားပြီး ပြင်းထန်သောအစီအမံများကို ဆက်လက်လုပ်ဆောင်သွားမည်” ဟု ကတိပြုပြောကြားခဲ့သည်။ “ထိုင်ဝမ်ရေးရာကိစ္စတွင် စည်းကျော်ရန် ကြိုးပမ်းသူ သို့မဟုတ် ရန်စသူ မည်သူကိုမဆို တရုတ်နိုင်ငံ၏ ပြတ်သားသော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုတွင် ပါဝင်ပတ်သက်သည့် မည်သည့်ကုမ္ပဏီ သို့မဟုတ် တစ်ဦးတစ်ယောက်မဆို […] The post ထိုင်ဝမ်သို့ လက်နက်ရောင်းသောကန် လက်နက်ကုမ္ပဏီ ၂၀ ကို တရုတ်က အရေးယူပိတ်ဆို့ appeared first on Popular .