အစ္စရေးသည် ဆိုမာလီလန်ကို လွတ်လပ်သောနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုသည့် ပထမဆုံးနိုင်ငံဖြစ်လာ

Credit to Popular Journal - ဒီဇင်ဘာ ၂၇ အစ္စရေးနိုင်ငံသည် ဆိုမာလီလန်က လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သည့် သမ္မတနိုင်ငံအဖြစ် ထူထောင်မှုကို သောကြာနေ့တွင် ပထမဆုံး တရားဝင်အသိအမှတ်ပြုလိုက်သည်။ ဤဆုံးဖြတ်ချက်သည် ဒေသတွင်းနိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲပုံဖော်စေနိုင်သကဲ့သို့ ဆိုမာလီလန်၏ ခွဲထွက်မှုကို ကာလရှည်ကြာ ကန့်ကွက်လာခဲ့သည့် ဆိုမာလီနိုင်ငံ၏ ရပ်တည်ချက်ကိုလည်း စိန်ခေါ်ရာရောက်နိုင်ပါသည်။ အစ္စရေးနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် စီးပွားရေးကဏ္ဍများတွင် ဆိုမာလီလန်နှင့် ချက်ချင်းပူးပေါင်းဆောင်ရွက်သွားရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့ပါသည်။ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ၎င်းက ဆိုမာလီလန်သမ္မတ အာဘဒီရာမန် မိုဟာမက် အဗ္ဗဒူလာဟီကို ဂုဏ်ပြုကြောင်း၊ ၎င်း၏ခေါင်းဆောင်မှုကို ချီးကျူးစကားဆိုကာ အစ္စရေးနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။ နေတန်ယာဟုက ယခုကြေညာချက်သည် ‘သမ္မတ ထရမ့်ပ်၏ ဦးဆောင်မှုဖြင့် လက်မှတ်ရေးထိုးခဲ့သော အေဘရာဟမ် သဘောတူညီချက်များ၏ ခံယူချက်အတိုင်း […] The post အစ္စရေးသည် ဆိုမာလီလန်ကို လွတ်လပ်သောနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုသည့် ပထမဆုံးနိုင်ငံဖြစ်လာ appeared first on Popular .