မြန်မာ့သမိုင်းတွင် ဂုဏ်သိက္ခာအမဲ့ဆုံး သမိုင်းဝင်မည့် အတုအယောင် ရွေးကောက်ပွဲ

မင်းအောင်လှိုင် စီစဉ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံး ရွေးကောက်ပွဲအဖြစ် သမိုင်းမှတ်တမ်းတင်ခြင်းခံရမည့်၊ အပိုင်း သုံးပိုင်း ပါဝင်ပြီး ပထမပိုင်းကို  ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲသည် မည်သည့် ရှုထောင့်မှ တိုင်းတာသည်ဖြစ်စေ၊ ၂၀၂၀ ပြည့်နှစ်တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စီစဉ်ကျင်းပခဲ့ သော အထွေထွေရွေးကောက်ပွဲကြီးနှင့် နှိုင်းယှဉ်လျှင် ပြည်သူ့ဆန္ဒအကင်းမဲ့ဆုံး ရွေးကောက်ပွဲ ဖြစ်သည်ကို စစ်ကော်မရှင် ရွေး/ကော် ထုတ်ပြန်ခဲ့သော ၂၇ မြို့နယ်၏ ရွေးကောက်ပွဲ ကျင်းပနိုင်မှု အခြေအနေများက သက်သေခံနေပါသည်။