ချက်ချင်းအပစ်ရပ်ရေး သဘောတူညီချက်ကို ထိုင်းနှင့် ကမ္ဘောဒီးယား လက်မှတ်ရေးထိုး

Credit to Popular Journal - ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ရက်သတ္တချီကြာပြီဖြစ်သော အသေအပျောက်များသည့် ပဋိပက္ခကို အဆုံးသတ်ရန်အတွက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို စနေနေ့(ဒီဇင်ဘာလ ၂၇ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာခဲ့သည်။        နယ်စပ်တိုက်ပွဲများ သီတင်းပတ်ချီ၍ အပြင်းအထန်ဖြစ်နေသော အရှေ့တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံအကြား သုံးရက်ကြာ ညှိနှိုင်းဆွေးနွေးမှုများလုပ်ခဲ့ပြီးနောက်တွင် ယခုကြေညာချက်ထွက်လာခြင်းဖြစ်သည်။       နှစ်နိုင်ငံအကြား ကာလကြာရှည်ဖြစ်နေခဲ့သော နယ်စပ်ပဋိပက္ခသည် ဒီဇင်ဘာလတွင် တကျော့ပြန်ပေါ်ပေါက်ခဲ့ကာ အစောပိုင်းက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပျ-က်ပြားသွားစေခဲ့သည်။ တရားဝင် စာရင်းများအရ ယင်းပဋိပက္ခများအတွင်း ‌ေ-သဆုံးသူ ၄၀ ကျော်ရှိခဲ့ပြီး လူတစ်သန်းကျော်သည် စစ်ဘေးရှောင်ခဲ့ရသည်။            ၎င်းတို့နယ်စပ်တလျှောက်ရှိ ပြည်နယ်အားလုံးတွင် ပျံ့နှံ့ဖြစ်ပွားခဲ့သော တို-က်ခို-က်မှုအသစ်များအတွက် နှစ်နိုင်ငံစလုံးက တစ်ဖက်ကိုတစ်ဖက် အပြစ်ပုံချခဲ့ကြသည်။       မိမိကိုယ်ကိုကာကွယ်ခြင်းဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ပြောဆိုခဲ့သကဲ့သို့ အရပ်သားများကို တို-က်ခို-က်ခဲ့သည်ဟုလည်း အပြန်အလှန်စွပ်စွဲခဲ့ကြသည်။            ဇူလိုင်လအတွင်းက လူအ‌ေ-သအပျောက်များခဲ့သော ငါးရက်ကြာပဋိပက္ခအဆုံးသတ်ရန် အမေရိက၊ တရုတ်နှင့် မလေးရှားနိုင်ငံတို့က ကြားဝင်ညှိနှိုင်းပေးခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးသည် ပျ-က်ပြယ်သွားခဲ့သည်။ Ref: သည်စတား The post ချက်ချင်းအပစ်ရပ်ရေး သဘောတူညီချက်ကို ထိုင်းနှင့် ကမ္ဘောဒီးယား လက်မှတ်ရေးထိုး appeared first on Popular .