လှိုင်းဘွဲ့မြို့နယ်မှ ပြည်ပရောက်နေသူများ၏ ကြိုတင်ဆန္ဒမဲ (၈၆၂) စောင်ကိုရေတွက်

Credit to Popular Journal - မွန်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှ ပြည်ပနိုင်ငံများသို့ရောက်ရှိနေသူများက မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ (၈၆၂) စောင်ကိုတာဝန်ရှိသူများက ရေတွက်ခဲ့ကြကြောင်း သိရသည်။ ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသည့် လှိုင်းဘွဲ့မြို့နယ်နေသူများမှ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများတွင်ဖွင့်လှစ်ထားသော မဲရုံများ၌ကြိုတင်ဆန္ဒမဲများပေးခဲ့ကြပြီးနောက် ဒီဇင်ဘာ ၂၅ ရက်ညနေ ၄ နာရီတွင် လှိုင်းဘွဲမြို့ရှိ အောင်ဆန်းခန်းမ၌ ရေတွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ပညာရေးဝန်ထမ်းများက မြို့နယ်စီမံအုပ်ရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ (သို့) ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အများပြည်သူအသိသက်သေများရှေ့တွင် ကြိုတင်ဆန္ဒမဲလက်မှတ်၊ လက်ခံရရှိသည့် ကြိုတင်ဆန္ဒမဲလက်မှတ်၊ ခိုင်လုံကြိုတင်ဆန္ဒမဲလက်မှတ်၊ ပယ်သည့်ကြိုတင်ဆန္ဒမဲလက်မှတ်၊ ပြန်လည်မရရှိသော ကြိုတင်ဆန္ဒမဲလက်မှတ် (၈၆၂) စောင်ကို ရေတွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ကြိုတင်ဆန္ဒမဲများသည် လှိုင်းဘွဲမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ (၇) ခုမှ ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားလူမျိုးလွတ်တော်တို့အတွက်ဖြစ်ကြောင်း သိရသည်။ The post လှိုင်းဘွဲ့မြို့နယ်မှ ပြည်ပရောက်နေသူများ၏ ကြိုတင်ဆန္ဒမဲ (၈၆၂) စောင်ကိုရေတွက် appeared first on Popular .