ကောလင်းမြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်တပ်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး အသက် ၃ လနှင့် ၆ နှစ် အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၁၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဒီဇင်ဘာလအတွင်း အကြမ်းဖက် စစ်တပ်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး အသက် ၃ လနှင့် ၆ နှစ် အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကံ‌ပေါက်တာ ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ ၂၅ နှစ်အရွယ် အမျိုးသမီး […] The post ကောလင်းမြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်တပ်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး အသက် ၃ လနှင့် ၆ နှစ် အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၁၆ ဦး ထိခိုက်ဒဏ်ရာရ appeared first on Khit Thit Media .