Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့နှင့်စခန်းတွေ၊ မြို့ကြီးတွေမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုဖို့ကို အကြမ်းဖက်စစ်တပ်က ညွှန်ကြား ချက်တစ်ရပ်ထုတ်ပြန်လာတယ်လို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီတွေအပါအဝင် စစ်ကော်မရှင်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေမှာရှိတဲ့ ပုဂ္ဂလိက Non – CDM ဝန်ထမ်းတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ပူးပေါင်းကြဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ် ပုဂ္ဂလိက Non – CDM ဝန်ထမ်းများစီမံခန့်ခွဲရေးကော်မတီဆီကနေ သိရပါတယ်။ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ထဲက တနေရာမှာ ရေဘဝဲ […] The post Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် appeared first on Khit Thit Media .