ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာတွင် နေထိုင်သော အသက် ၇၀ နှစ်အရွယ် ဦးသိန်းလွင်ကို အကြမ်းဖက် စစ်တပ်က ပျူစောထီးအဖွဲ့ဝင်ခိုင်းရန် ဖမ်းဆီးပြီးနောက် ငွေကျပ် သိန်း ၂၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဖမ်းဆီးခံရသူ ဦးသိန်းလွင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ မင်းလှမြို့နယ်၊ စိန့်ကန့်လန့်ရွာမှ ကြို့ပင်ကောက်မြို့ပေါ်ကို ဆိုင်ကယ်ပြင်ရန် သွားရောက်သည့် အသက် ၇၀ နှစ်အရွယ် ဦးသိန်းလွင်ကို အကြမ်းဖက် စစ်တပ်၏ မြို့အဝင်ဂိတ်မှ စစ်သားများက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (ပျူစောထီး) အဖြစ် ဝင်ခိုင်းရန်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးပြီးနောက် ကြို့ပင်ကောက်မြို့အဝင်ဂိတ်မှ စစ်သားများက ဦးသိန်းလွင် ၏ […] The post မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာတွင် နေထိုင်သော အသက် ၇၀ နှစ်အရွယ် ဦးသိန်းလွင်ကို စစ်တပ်က ပျူစောထီးအဖွဲ့ဝင်ခိုင်းရန် ဖမ်းဆီးပြီးနောက် ငွေကျပ် သိန်း ၂၀၀ ဖြင့် ပြန်ရွေးခိုင်း appeared first on Khit Thit Media .