ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ၃၄၄ အမြောက်တပ်ရင်းက တောင်ကလေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ရေကြည်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၃၄၄ အမြောက်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် တောင်ကလေးကျေးရွာအတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး တောင်ကလေးကျေးရွာတွင် နေထိုင်သော အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။ […] The post ရေကြည်မြို့နယ် ၃၄၄ အမြောက်တပ်ရင်းက တောင်ကလေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး သေဆုံး appeared first on Khit Thit Media .