တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများအတွက် Job Ready Skills သင်တန်းများ ဖွင့်လှစ်မည်

Credit to Popular Journal - တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများအတွက် မြိတ်တက္ကသိုလ်နှင့် တောင်ငူတက္ကသိုလ်တို့တွင် ကျွမ်းကျင်မှုအတတ်ပညာ (Job – Ready Skills) သင်တန်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်းတွင် မြိတ်တက္ကသိုလ် ဓာတုဗေဒဌာနမှ ဆပ်ပြာနှင့် ဆပ်ပြာရည် ထုတ်လုပ်ခြင်းသင်တန်းနှင့် အဏ္ဏဝါသိပ္ပံဌာနမှ စားကမာ သားဖောက်ထုတ်လုပ်ခြင်းနှင့် အသားတိုးမွေးမြူခြင်းသင်တန်းတို့ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၅) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများ တက်ရောက်နိုင်ပြီး  မြိတ်တက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၉) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂) ရက်နေ့အတွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။ ဆပ်ပြာနှင့် ဆပ်ပြာရည် ထုတ်လုပ်ခြင်းသင်တန်းကိုစနေ၊ တနင်္ဂနွေတွင်ဖွင့်လှစ်မည်ဖြစ်ပြီး နံနက် (၉) နာရီမှ […] The post တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများအတွက် Job Ready Skills သင်တန်းများ ဖွင့်လှစ်မည် appeared first on Popular .