Credit to Popular Journal - ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲရုံများပြင်ဆင်ထားမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ ယနေ့ ဒီဇင်ဘာ ၂၇ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ မဲရုံများဖွင့်လှစ်ထားရှိမှု၊ မဲပေးစက်များရောက်ရှိတပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မဲရုံများ၌တာဝန်ထမ်းဆောင်နေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၊ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများအားတွေ့ဆုံပြီး မဲရုံနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးကာ လိုအပ်ချက်များကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မနက်ဖြန် ကျင်းပမည့်ရွေးကောက်ပွဲအတွက် မြောင်းမြမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အ.ထ.က (၁) ၊ အမှတ် (၈) ရပ် ကွက်ရှိ နောင်ရိုးခန်းမ၊ အမှတ် (၅) ရပ်ကွက်ရှိ အ.ထ.က (၆) တို့တွင် ပြည်သူများဆန္ဒမဲပေးနိုင်ရန် မဲရုံများဖွင့်လှစ်ထားကြောင်း သိရသည်။ The post မြောင်းမြမြို့ရှိ မဲရုံများကို လဝက ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ကြည့်ရှုစစ်ဆေး appeared first on Popular .