Credit to Popular Journal - စစ်ပွဲအဆုံးအသတ်ရေး ဆွေးနွေးပွဲများတွင် အဓိကအဟန့်အတားဖြစ်နေသော နယ်မြေဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တနင်္ဂနွေနေ့တွင် ဖလော်ရီဒါ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဆွေးနွေးရန်လိုလားလျှက်ရှိသည်။ လက်ရှိတွင် အချက် ၂၀ ပါ ငြိမ်းချမ်းရေးမူဘောင်နှင့် လုံခြုံရေးအာမခံချက်ဆိုင်ရာ သဘောတူညီချက်တို့သည် ပြီးစီးလုနီး အခြေအနေရောက်နေသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အေ-သအပျေ-ာက်အများဆုံး ပဋိပက္ခဖြစ်သော ယူကရိန်းစစ်ပွဲကို အဆုံးသ-တ်ရန်အတွက် ဝါရှင်တန်က တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး “နှစ်သစ်ကူးမတိုင်မီ အရာများစွာကို ဆုံးဖြတ်ရနိုင်ပါတယ်” ဟု ထရမ့်ပ်နှင့် ဆွေးနွေးပွဲအကြောင်း ကြေညာရာတွင် ဇလန်းစကီးက ပြောဆိုခဲ့သည်။ ယူကရိန်းနှင့် အမေရိကအကြား လုံခြုံရေးအာမခံချက်ဆိုင်ရာ သဘောတူညီချက်သည် အသင့်ဖြစ်လုနီးပါးဖြစ်နေကာ အချက် ၂၀ ပါ အစီအစဉ်မူကြမ်းသည် ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဟု ဇလန်းစကီးက WhatsApp chat တွင် သတင်းထောက်များကို […] The post နယ်မြေကိစ္စနှင့်ပတ်သက်၍တနင်္ဂနွေနေ့တွင်ထရမ့်ပ်နှင့် ဆွေးနွေးမည်–ဇလန်းစကီး appeared first on Popular .