ဗီယက်နမ်တွင် ဘတ်စ်ကားမှောက်၍ လူခုနစ်ဦးထက်မနည်း ‌ေ-သဆုံး

Credit to Popular Journal - ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ယန်ဘိုင်းပြည်နယ်ရှိ တောင်ထူထပ်‌သောလမ်းတစ်ခုပေါ်တွင် စနေနေ့က ခရီးသည် ၁၉ ဦးတင်ဆောင်လာသော ဘတ်စ်ကားတစ်စီး တိမ်းမှေ-ာက်ခဲ့သောကြောင့် လူခုနစ်ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြသည်။ ပရဟိတအဖွဲ့တစ်ခုကို တင်ဆောင်လာသော လူ ၂၉ ဦး ဆန့်သောဘတ်စ်ကားသည် တောင်အဆင်းလမ်းတစ်ခုတွင် မောင်းနှင်နေစဉ် တိမ်းမှေ-ာက်ကာ တွန့်ကြေသွားခဲ့သည်ဟု ဗီယက်နမ်သတင်းအေဂျင်စီ (ဗီအင်န်အေ) က ဖော်ပြခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များသည် အကြီးစားပစ္စည်းကိရိယာများသုံးကာ ယာဉ်ကိုဖြ-တ်တေ-ာက်ခဲ့ကြပြီး နံနက် ၁၀ နာရီခွဲအချိန်တွင် ယာဉ်ပျ-က်အတွင်းမှ လူ ၁၀ ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကာ အခြားသူများ ပိတ်မိနေဆဲဖြစ်ကြောင်း ဖင့်ဟိုးရပ်ကွက်ဥက္ကဌ ဟောင်းအန်တူအန်က ပြောကြားခဲ့သည်။ ယာဉ်၏ ဘရိတ်ချွတ်ယွင်းချက်ကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ဖွယ်ရှိကြောင်း တူအန်က ဆိုခဲ့သည်။ ရဲ၊ စစ်သား၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများ စုပေါင်း၍ ကယ်ဆယ်ရေးဆောင်ရွက်နေခဲ့ကြပြီး ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို […] The post ဗီယက်နမ်တွင် ဘတ်စ်ကားမှောက်၍ လူခုနစ်ဦးထက်မနည်း ‌ေ-သဆုံး appeared first on Popular .