ရွေးကောက်ပွဲအတွက် မြဝတီမြို့နယ်၌ မဲရုံ(၄၂)ရုံဖွင့်လှစ်

Credit to Popular Journal - မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ရွေး ကောက်ပွဲ၌ မဲဆန္ဒရှင်များ ဆန္ဒမဲပေးနိုင်ရန်အတွက် က ရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာနှင့် တပ်နယ်တို့တွင် မဲရုံ(၄၂)ရုံဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ မြဝတီမြို့ပေါ်(၇)ရပ်ကွက်၊ ပူလွဲပူကျေးရွာအုပ်စု၊ မဲပလဲ့ကျေးရွာအုပ်စု၊ မဲကနယ်ကျေးရွာအုပ်စု၊ ဖားကလူကျေးရွာအုပ်စုတို့တွင် အရပ်သားမဲရုံ(၃၅)ရုံ၊ တပ်မဲရုံ (၇)ရုံ မဲရုံပေါင်း(၄၂)ရုံဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ယင်း မဲရုံများအတွက် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒီဇင်ဘာ ၂၇ ရက်နံနက်ပိုင်းကလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများကို မဲရုံ (၄၂)ရုံမှတာဝန်ရှိသူများက သတ်မှတ်ပုံစံအတိုင်းပြင် ဆင်နေရာချထားပြီး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးရာ တာဝန်ရှိသူများကကွင်းဆင်းစစ်ဆေး၍ လုံခြုံရေးနှင့် အုပ်ချုပ်/ထောက်ပံ့မှုတို့ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ The post ရွေးကောက်ပွဲအတွက် မြဝတီမြို့နယ်၌ မဲရုံ(၄၂)ရုံဖွင့်လှစ် appeared first on Popular .