မြဝတီမြို့ ကြံ့ဖွတ်ပါတီရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး ထိခိုက် ပျက်စီးမှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ကရင်ပြည်နယ်၊ မြဝတီမြို့ ကြံ့ဖွတ်ပါတီရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းတွင် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ကြံ့ဖွတ်ပါတီရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး မီးခိုးလုံးများ ထွက်လာသည်ကို တွေ့မြင်ရကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း ဗုံးသီးသည် ရုံးဖွတ်ပါတီရုံးပေါ် ၂ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိကာ အကြမ်းဖက် စစ်သားများ ရောက်ရှိနေသောကြောင့် ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။ “မြဝတီမှာ အခုည အမှတ် ၄ ရပ်ကွက် ကြံ့ဖွတ်ပါတီရုံး ဗုံး ၂ လုံးကျရောက် ပေါက်ကွဲတယ်။ […] The post မြဝတီမြို့ ကြံ့ဖွတ်ပါတီရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး ထိခိုက် ပျက်စီးမှုရှိ appeared first on Khit Thit Media .