အချုပ်သားများနှင့် စစ်မှုထမ်း(ပစ)များကို ကြံ့ဖွတ်ပါတီအတွက် ကြိုတင်မဲပေးခိုင်း၊ ရွေးကောက်ပွဲနေ့ လူငယ်များ မဲလာမပေးလျှင် ပေါ်တာဆွဲမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ပြုလုပ်မည့် အချုပ်သားများနှင့် စစ်မှုထမ်း(ပစ)များကို ကြိုတင်မဲပေးခိုင်းပြီး မဲပေးရာတွင်လည်း ကြံ့ဖွတ်ပါတီကိုသာ ကြိုတင်မဲပေးခိုင်းကြောင်း တောင်ကြီးတွင်ရောက်ရှိနေသည့် အချုပ်သားမိသားစုဝင်များ၊ စစ်မှုထမ်း(ပစ)များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခု ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်က အချုပ်သားများကို ကြိုတင်မဲပေးခိုင်းခဲ့ကြောင်း၊ မဲပေးရာတွင် ကြံ့ဖွတ်ပါတီကိုသာ မဲပေးကြရန်၊ ကြံ့ဖွတ်ပါတီတက်လာပါက အမှုအခင်းများကို ပြန်လည် ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့် ကြေညာနိုင်ကြောင်း၊ ထို့ကြောင့် မိမိရင်ဆိုင်နေရသော အမှုများမှ အမြန်လွတ်မြောက်လိုပါက ကြံ့ဖွတ်ပါတီကိုသာ မဲပေးကြရန် အကျဉ်းဦးစီးဌာနနှင့်ရဲတပ်ဖွဲ့ဝင်များက အချုပ်သားများကို ပြောဆိုကာ ကြိုတင်မဲများ ကောက်ယူသွားကြောင်း သိရှိရသည်။ အလားတူ တောင်ကြီးမြို့ပေါ်တွင် စစ်မှုထမ်း(ပစ) ၂၄၀ ဦးကို ကြိုတင်မဲရယူပြီးနောက် စစ်ကားများဖြင့် တောင်ကြီးမှ ကျိုင်းတုံသို့ ပို့ဆောင်ကြောင်း၊ ယင်းနောက် […] The post အချုပ်သားများနှင့် စစ်မှုထမ်း(ပစ)များကို ကြံ့ဖွတ်ပါတီအတွက် ကြိုတင်မဲပေးခိုင်း၊ ရွေးကောက်ပွဲနေ့ လူငယ်များ မဲလာမပေးလျှင် ပေါ်တာဆွဲမည်ဟု ခြိမ်းခြောက် appeared first on Khit Thit Media .