နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲချောင်းကျေးရွာအနီး၌ စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ပြောက်ကျားပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးသွားကြောင်း PDF Tatkon တပ်ရင်း ၈၀၃ တပ်ခွဲမှူး ရဲဘော် ကောင်းဘွိုင်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအား အကာ အကွယ် ပေးရန်အတွက် စစ်ကော်မရှင်တပ်သား ၂၀ ခန့်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲ ချောင်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး သဲချောင်းကျေးရွာသို့ မရောက်မီ ခေတ္တ စခန်းချနေခဲ့ကြောင်း သိရသည်။ ထိုသို့ ခေတ္တစခန်းချနေချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အလစ်အငိုက် ပြောက်ကျားစနစ်ဖြင့် ဝင် ရောက်တိုက်ခိုက်ခဲ့ရာ […] The post နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးဟုဆို appeared first on Khit Thit Media .