ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံသမိုင်းတွင် ဒီမိုကရေစီမှတ်တိုင်တစ်ခုဖြစ်လာမည်ဟု UEC ဥက္ကဋ္ဌပြော

Credit to Popular Journal - မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်း(၃)ပိုင်းခွဲ၍ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံသမိုင်းတွင် ဒီမိုကရေစီမှတ်တိုင်တစ်ခုဖြစ်လာမည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။ UEC ဥက္ကဋ္ဌမှ ယနေ့ ဒီဇင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းက ရွေးကောက်ပွဲသို့လာရောက်လေ့လာသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအားကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ” အဆွေတော်တို့လာရောက်လေ့လာမှုဟာကျင်းပမယ့် ရွေးကောက်ပွဲရဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေဖို့ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် နိုင်ငံတကာရဲ့အား ပေးထောက်ခံမှုကိုပြသရာရောက်ပါတယ်။ အခု ရွေး ကောက်ပွဲဟာ မြန်မာနိုင်ငံသမိုင်းမှာ ဒီမိုကရေစီမှတ် တိုင်တစ်ခုဖြစ်လာမှာပါ။ မဲဆန္ဒရှင်တွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ မဲပေးခွင့်ကိုအသုံးချပြီး နိုင်ငံအနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်ပေးနိုင်မယ့်အချိန်အခါလည်းဖြစ်ပါတယ်”ဟု UEC ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။ ထို့ပြင် ကော်မရှင်အနေဖြင့်စောင့်ကြည့်လေ့လာမှုများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် သက် ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး အပြည့်အဝဆောင် ရွက်ထားကာ စောင့်ကြည့်လေ့လာသူများ၏ကျင့်ဝတ်စည်းကမ်းများနှင့်အညီ […] The post ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံသမိုင်းတွင် ဒီမိုကရေစီမှတ်တိုင်တစ်ခုဖြစ်လာမည်ဟု UEC ဥက္ကဋ္ဌပြော appeared first on Popular .