Credit to Popular Journal - ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်(၉)နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆ န္ဒနယ်(၂)နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်(သို့)ပြည် နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်(၉)နယ်တို့တွင် ရွေးကောက်ပွဲများကျင်းပမည်မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် ၁၇၁ /၂၀၂၅ ဖြင့် ယနေ့ ဒီဇင်ဘာ ၂၇ ရက်က အသိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်(၉)နယ်တွင် ချင်းပြည် နယ်မှ မြို့နယ်(၃)ခု၊ စစ်ကိုင်းတိုင်းမှ မြို့နယ်(၂)ခု၊ ရ ခိုင်ပြည်နယ်မှ မြို့နယ်(၄)ခုတို့တွင် ရွေးကောက်ပွဲကျင်း ပမည်မဟုတ်ကြောင်း သိရသည်။ ထို့ပြင် အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ်(၂)နယ်တွင် ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၃)ဖြစ်သည့် ဖလမ်းခရိုင်တစ်ခုလုံး၊ ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၆) အမ်းခရိုင်တစ်ခုလုံးတို့တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း သိရသည်။ ထို့အတူ တိုင်းဒေသကြီးလွှတ်တော်(သို့)ပြည်နယ်လွှတ် တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ် (၉)နယ်ဖြစ်သည့် ချင်းပြည်နယ်လွှတ်တော်အတွက် ချင်းပြည်နယ်မှ မြို့နယ်(၃)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အတွက် စစ်ကိုင်းတိုင်းမှ […] The post မဲဆန္ဒနယ်(၂၀)တွင် ရွေးကောက်ပွဲမကျင်းပဟု UEC အသိပေး appeared first on Popular .