ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများတွင် မဲပေးသူမရှိဖြစ်နေ၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများကို မဲလာပေးကြရန် အိမ်တိုင်ရာရောက် လိုက်လံ ခေါ် ယူခြိမ်းခြောက်လျက်ရှိကြောင်း ခေါ်ယူခံရသည့် ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်နှင့်ပျူစောထီးများက အိမ် တိုင်ရာရောက် မဲနံပါတ်များလိုက်လံပေး၍ မဲလာပေးရန် လိုအပ်ကြောင်း၊ မဲလာရောက် ပေးသည်၊ မဲပေး သည်ကို မဲစာရင်းနှင့် ပြန်လည် တိုက်ဆိုက် စစ်ဆေးမည်ဟု ခြိမ်းခြောက်လာကြောင်း သိရှိရသည်။ “မရမ်းကုန်း ၁ ရပ်ကွက် အုပ်ကြီးစိန်ဝင်းမြင့်နဲ့အဖွဲ့က မဲစာရင်းနံပါတ်တွေ လိုက်ပေးပြီး မဲလာပေးခိုင်းတယ်။ မဲမပေးရင် စာရင်းမှာ ပေါ်တယ်ပေါ့။ လာပေးပေါ့။ ဆိုင်ခန်းတွေကိုလည်း လိုက်ပြီး ဖိအားပေးတယ်။ မဲမပေးရင် ဆိုင် ပိတ်ပစ်မယ်ပေါ့။ […] The post ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများတွင် မဲပေးသူမရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မဲပေးကြရန် အိမ်တိုင် ရာရောက် လိုက်လံ ခေါ် ယူခြိမ်းခြောက်နေ appeared first on Khit Thit Media .