ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ နံနက်ပိုင်း ရွေးကောက်ပွဲဆန့်ကျင်ရေး ပိုစတာများ ကပ်ကာ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြကြကြောင်း သိရှိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်း ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ၊ “မြို့လယ်ကြံခိုင်ရေး ပါတီရုံး ၊ မြို့ဝင်ဆိုင်းဘုတ်၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့၊ စျေးအတွင်း နှင့် မြို့နယ် အားကစားကွင်း အသီးသီးတို့တွင် “ သမိုင်းတရားခံ မဖြစ်ဖို့ အတုအယောက်ရွေးကောက်ပွဲကို ဆန့်ကျင်စို့ “၊ “တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ကြ” စသည့် ရွေးကောက်ပွဲဆန့်ကျင်ရေး ပိုစတာများကို ကပ်ခဲ့ကြကြောင်း သိရှိရသည်။ The post ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ နံနက်ပိုင်း ရွေးကောက်ပွဲဆန့်ကျင်ရေး ပိုစတာများ ကပ် appeared first on Khit Thit Media .