ယနေ့ ရွေးကောက်ပွဲနေ့ ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရတိုင်းရုံးတွင် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ၍ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ တွင် ယနေ့ ရွေးကောက်ပွဲ ပြုလုပ်သည့်နေ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရတိုင်းရုံးတွင် လက် နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ၍ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင် စစ်ရေးသတင်းရင်း မြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က အင် အားအလုံးအရင်းဖြင့် တပ်စွဲထားသော ထားဝယ်မြို့ အစိုးရတိုင်းရုံးကို လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ တိုင်းရုံးအတွင်းရှိ အဆောက်အဦးများ ထိမှန်ပျက်စီးခဲ့ပြီး တနင်္သာရီတိုင်း လ၀က ညွှန်မှူး ၁ […] The post ယနေ့ ရွေးကောက်ပွဲနေ့ ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရတိုင်းရုံးတွင် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ၍ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ appeared first on Khit Thit Media .