ရန်ကုန်၊ ဒီဇင်ဘာ ၂၈ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပြည်သူများက ယနေ့ ပြုလုပ်သည့် စစ်တပ်၏ ရွေးကောက်ပွဲကို ပါဝင်ခြင်းမပြုဘဲ အသံတိတ် သပိတ် ဆင်နွှဲနေသောကြောင့် မဲရုံများတွင်သာမက လမ်းပေါ်တွင်ပါ လူသူ ကင်းရှင်းနေကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့လည်း ပါဝင်ကြောင်း၊ သို့ရာတွင် ကလေးမြို့မှ ပြည်သူများက ၎င်းတို့ကိုယ်တိုင် မဲထွက်မပေးဘဲ အသံတိတ်သပိတ်လှုပ်ရှားမှုဖြင့် ဆန့်ကျင်နေကြကြောင်း သိရှိရသည်။ “အခု ကလေးမြို့မှ ပြည်သူတွေကိုယ်တိုင် ခေါ်ထားတဲ့ အသံတိတ် သပိတ်ပါ။ ဘယ်သူမှလည်း မထွက်ကြဘူး။ မဲရုံတွေမှာလည်း စစ်တပ်က စက်သေနတ်တွေနဲ့ကို […] The post ကလေးမြို့မှ ပြည်သူများက အသံတိတ်သပိတ် ဆင်နွှဲပြီး စစ်တပ်၏ ရွေးကောက်ပွဲနေ့ကို မဲထွက်မပေးဘဲ သပိတ်မှောက်၊ မဲရုံတွင်သာမက လမ်းပေါ်တွင် လူသူကင်းရှင်းနေ appeared first on Khit Thit Media .