ညနေ (၄) နာရီ မဲရုံပိတ်မည်ဆိုသော်လည်း မဲရုံပရဝဏ်အတွင်း မဲဆန္ဒရှင်များကျန်ရှိနေပါက မဲပေးခွင့်ပြုသွားမည်ဟုဆို

Credit to Popular Journal - ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ယနေ့ ဒီဇင်ဘာ (၂၈) ရက် နံနက်ပိုင်းမှစတင်ကျင်းပပြုလုပ်လျက်ရှိရာ၊ ညနေ (၄) နာရီ မဲရုံပိတ်မည်ဆိုသော်လည်း မဲရုံပရဝဏ်အတွင်း မဲဆန္ဒရှင်များကျန်ရှိနေပါက မဲပေးခွင့်ပြုသွားမည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ မဲရုံပေါင်း (၃၃၅) ရုံ ဖွင့်လှစ်ထားရာ အသက် (၁၈) နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်ပြည်သူ (၅၉၄,၅၅၀) ဦး မဲဆန္ဒပေးခွင့်ရှိကြောင်းဆိုသည်။ ယနေ့တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေစက် (MEVM) ဖြင့် ဆန္ဒမဲလာရောက်ပေးနေကြသည်ကိုလည်းတွေ့မြင်ရသည်။ မွန်ပြည်နယ် မြို့နယ်ငါးမြို့နယ်၌ နိုင်ငံရေးပါတီများဖြစ်သည့် ပအို့ဝ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ […] The post ညနေ (၄) နာရီ မဲရုံပိတ်မည်ဆိုသော်လည်း မဲရုံပရဝဏ်အတွင်း မဲဆန္ဒရှင်များကျန်ရှိနေပါက မဲပေးခွင့်ပြုသွားမည်ဟုဆို appeared first on Popular .