အာဏာသိမ်းစစ်တပ်က အတိုက်အခံပါတီတွေမပါဘဲ သူတို့စိတ်ကြိုက် ခြယ်လှယ်ပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲနေ့ ဒီဇင်ဘာ ၂၈မှာ လုံခြုံရေးတင်းကျပ်ထားပြီး ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတောင် မဲလာပေးသူ အလွန်နည်းပါးတာကို တွေ့ရပါတယ်။