ရန်ကုန်၊ ဒီဇင်ဘာ ၂၉ အကြမ်းဖက်စစ်တပ်က ကျောထောက်နောက်ခံပေးထားသော ကြံ့ဖွတ်ပါတီက ယမန်နေ့ ရွေး ကောက်ပွဲနေ့တွင် ပြည်သူများကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းပေး၍ မဲရုံအထိ ခေါ်ဆောင်ကာ ကြံ့ဖွတ်ပါတီကို မဲပေးခိုင်းမှုများ ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်၊ လားရှိုး၊ နောင်ချို၊ ချောက်မြို့နယ်နှင့်မော်လမြိုင်မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် မြို့ပေါ်တွင်သာ မဲရုံများ ရှိပြီး ကျေးရွာများတွင် လုံခြုံရေးအရ မဲရုံများ ဖွင့်လှစ်ခြင်းမရှိကြောင်း၊ ကြံ့ဖွတ်ပါတီက ချောက်မြို့နှင့်အနီးဆုံး ကျေးရွာများမှ ပြည်သူများကို ကားများဖြင့် သွားရောက်ခေါ်ဆောင်ကာ မြို့ပေါ် မဲရုံများတွင် လာရောက် မဲပေးခိုင်းခဲ့ကြောင်း၊ မဲပေးခိုင်းရာတွင် တစ်ဦးလျှင် ငွေကျပ် ၃ သောင်းပေးမည်ဟု ပြောဆိုပြီး မဲရုံတွင် ခြင်္သေ့ကို သေချာပေါက် မဲပေး […] The post ကြံ့ဖွတ်ပါတီက ယမန်နေ့ မဲရုံပိတ်ခါနီး ညနေ ၄ နာရီဝန်းကျင်အချိန်အထိ ပြည်သူများကို တစ်ဦးလျှင် ငွေကျပ်သောင်းချီ ပေး၍ လိုက်ခေါ်ကာ ခြင်္သေ့ကို မဲထည့်ခိုင်း appeared first on Khit Thit Media .