ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ အကြမ်းဖက်စစ်တပ်၏ ဖာပွန် ဗျူဟာစခန်းတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံနေကြောင်း နဂါးနက်စစ်ကြောင်းမှူး ဗိုလ်တက်တူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး ဖာပွန်မြို့ရှိ ဖာပွန်ဗျူဟာကုန်းကို KNU/KNLA ဦးဆောင်သော မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲများသည် ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်ကလည်း ဖာပွန် ဗျူဟာကုန် မကျဆုံးရေး လေယာဉ်၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံ တိုက်ခိုက်နေကြောင်း၊ ဗျူဟာကုန်း အနီးတဝိုက်ကိုသာ […] The post စစ်တပ်၏ ဖာပွန် ဗျူဟာစခန်းကို တော်လှန်ရေးတပ်များက ၅ ရက်ဆက်တိုက် အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်နေ၊ စစ်တပ်က လေယာဉ်ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေ appeared first on Khit Thit Media .