ပုပ္ပါးတောင်အနီးရှိ တရုတ်ဂက်စ်ပိုင်းစောင့် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက် ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်အနီးရှိ တရုတ်ဂက်စ်ပိုက်လိုင်းစောင့် စစ်တပ် စခန်းတစ်ခုကို တော် လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကျောက်ပန်းတောင်မြို့နယ်၊ ရွှေစီတိုင်းရွာ၊ ပုပ္ပါး-တောင်ဇင်းလမ်းမ၊ ဗျတ္တ ပန်းဆက်လမ်းမပေါ်ရှိ အင် အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော တရုတ်ဂက်စ်ပိုင်းစောင့် စခန်းကို တော် လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။ “တိုက်ခိုက်ခံရတာမှန်ပါတယ်။ အနီးကပ် ကားနဲ့ ရပ်ပစ်သွားတာလို့ သိရတယ်။ ပုပ္ပါးတောင် ပေါ်သွား တဲ့ ပုပ္ပါး -တောင်ဇင်းလမ်းမပေါ်က ဗျတ္တပန်း ဆက်လမ်းမပေါ်မှာရှိတာ၊ အဲဒီစခန်းက […] The post ပုပ္ပါးတောင်အနီးရှိ တရုတ်ဂက်စ်ပိုင်းစောင့် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက် ခိုက်မှု စစ်သား ၈ ဦးသေဆုံး appeared first on Khit Thit Media .